English | မြန်မာ
မျှော်မှန်းအနာဂတ်

ကျား၊မ လူမှုရေးရာတန်းတူညီမျှမှုရှိပြီး အမျိုးသမီး၊ အမျိုးသားတိုင်း လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိလျှက် တရားမျှတ၍ ငြိမ်းချမ်းသော မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်။

ခံယူရပ်တည်ချက်

မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ကျား၊မ လူမှုရေးရာတန်းတူညီမျှမှုရှိခြင်း၊ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာ ရှိခြင်းတို့ကို ဖော်ဆောင်နိုင်ရန်။

သင်္ဂဟဂျဲန်ဒါအဖွဲ့အစည်းသည် နိုင်ငံတကာအဆင့်၊ နိုင်ငံတော်အဆင့်နှင့်ပြည်တွင်းအုပ်ချုပ်ရေးနယ်ပယ်အဆင့်ဆင့်၌ ကျား၊မ လူမှုရေးရာမူဝါဒကို ချမှတ်ရန် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များကို ချဉ်းကပ်စည်းရုံးရန်၊အရပ်ဖက်လူမှု အဖွဲ့အစည်းများရှိ အဓိက လုပ်ဆောင် သူများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်၊ ပညာရေးကဏ္ဍတွင် အဓိကတာဝန်ရှိသူများအား ကျား ၊ မ လူမှုရေးရာပညာရေးဝန်ဆောင်မှုပေးရန်၊ ပြည်တွင်းပြည်ပကွန်ယက် များနှင့် ကောင်းမွန်သော ဆက်ဆံရေးများ တည်ဆောက်ပြီးကွန်ရက်ဖွဲ့ လှုပ်ရှားမှုများကို တာဝန်ခံ၊ တာဝန်ယူမှု ဖြင့် လုပ်ကိုင် ဆောင်ရွက်သွားရန် သံဓိဋ္ဌါန် ချထားပါသည်။

ပန်းတိုင်များ
  • နိုင်ငံတော်အဆင့်မှစ၍ အဆင့်ဆင့်တိုင်းတွင် ဂျဲန်ဒါတန်းတူညီမျှမှုမူဝါဒများချမှတ်ပြီး လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်နေမည်။
  • လူထုအခြေပြုအဖွဲ့အစည်းများတွင် မြန်မာ့လူ့ဘောင်နှင့်ကိုက်ညီသော ဂျဲန်ဒါဆိုင်ရာမူဝါဒများကို ဖော်ထုတ်ပြီး ယုံကြည်ကျင့်သုံးနေမည်။
  • နိုင်ငံတကာအဆင့်တွင် ဂျဲန်ဒါမူဝါဒ လက်တွေ့ကျင့်သုံးနေမှုဆိုင်ရာအသိအမြင်များ ကျယ်ပြန့်စေပြီး မူဝါဒပြုပြင်ပြောင်းလဲမှုများတွင် တွန်းအားပေးဆောင်ရွက်နေမည်။

ခေါင်းဆောင်စွမ်းရည်မြင့်တင်ရေး
သင်တန်း ၊ သင်တန်း အမှတ်စဉ် ၀၀၁
ဝန်ထမ်း ညစာစားပွဲနှင့် မိသားစုများ တွေ့စုံပွဲ ၂၀၁၆
လူငယ် နှီးနှော ဖလှယ်ပွဲ ၊ သီချင်းသင်ကြားခြင်း
ဆက်သွယ်ရန် လိပ်စာ
တိုက်အမှတ် - အေ (၉/၁)၊ အနော်ရထာအိမ်ရာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း - (+၉၅) ၀၉ ၇၃၂ ၂၆၆ ၃၁၊ ၀၉ ၇၃၁ ၉၀၈ ၈၂
အီးမေးလ် - thingaha@thingaha.org , new.thingaha@gmail.com
ဖေ့ဘုတ်စာမျက်နှာ: www.facebook.com/thingaha.gender.org.myanmar