English | မြန်မာ
About Thingaha

သင်္ဂဟဂျဲန်ဒါလုပ်ဆောင်ရေးအဖွဲ့သည် ဂျဲန်ဒါစိတ်ဝင်စားသူများနှင့်ဖွဲ့စည်းလျက် ဂျဲန်ဒါပြဿနာများနှင့် ဂျဲန်ဒါတန်းတူ ညီမျှမှု အတွက် အဓိကထားဖွဲ့စည်းလုပ်ဆောင်သောအဖွဲ့အစည်းဖြစ်ပါသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက် နေ့တွင် Swiss Aid Myanmar အဖွဲ့ မှစတင်ဦးဆောင်မှုဖြင့် ဖွဲ့စည်းတည်ဆောက်ကာ အစည်းအဝေးများ၊ ဆွေးနွေးမှုများအကြိမ်ကြိမ်လုပ်ဆောင်ခြင်းဖြင့်စတင်ခဲ့ပါသည်။ အဖွဲ့အစည်းအနေဖြင့်ကျေးရွာ လူမှုဝန်းကျင်တွင်ရှိနေသော အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ ဦးဆောင် ဆုံးဖြတ်နိုင်ခြင်းနှင့် လူမှု တရားမျှတမှုကို မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်တိုးတက်လာရန် ဆောင်ရွက်သော နိုင်ငံအဆင့်အသင်းအဖွဲ့ဖြစ်ပါသည်။

ဂျဲန်ဒါတန်းတူညီမျှရေး နှင့် မိတ်ဖက်လုပ်ဆောင်ခြင်းအားဖြင့် လူမှုဝန်းကျင်တွင်ပိုမိုတရားမျှတမှု ဖြစ်ထွန်းလာစေရန် အဓိကထား ဆောင်ရွက်သည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေးကိုချိုးဖောက်နေခြင်းဖြစ်သည်။ထိုအခြေအနေများသည်အသိအမှတ်ပြုခြင်းမခံရဘဲကျယ်ပြန့်စွာဖြစ်ပျက် လျှက်ရှိသည်။ ထိုသို့သော မတရားမှုများကိုတွန်းလှန်လျှက် တရားမျှတမှုဖြစ်ထွန်းလာစေရန် ကျွန်ုပ်တို့အမျိုးသမီး၊ အမျိုးသားများ ခွန်အားစိုက်ရန်လိုသည်။

လွန်ခဲ့သော (၁၃)နှစ်မှစတင်၍ သင်္ဂဟဂျဲန်ဒါလုပ်ဆောင်ရေးအဖွဲ့သည်ဂျဲန်ဒါအမြင်ဖွင့်သင်တန်းများ၊ ဂျဲန်ဒါပံ့ပိုးသူများ၊ မွမ်းမံသင်တန်းများ၊ဂျဲန်ဒါဆန်းစစ်လုပ်ဆောင်ခြင်း၊အလုပ်ရုံဆွေးနွေးပွဲများ၊ကွင်းဆင်းလေ့လာခြင်းများ၊မော်ကျူးအလိုက် ပို့ချသောသင်တန်းများ၊ ဂျဲန်ဒါနှင့်ဖွံ့ဖြိုးရေး၊ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းနှင့် လူသားချင်းစာနာသောလုပ်ငန်းများကိုလည်း (၂၀၀၈)ခုနှစ်၊ နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံနေရာများတွင် ပါဝင် ဆောင်ရွက်နေပါသည်။

လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းအစီအစဉ်များ ကျယ်ပြန့်လာစေရန် သင်္ဂဟအဖွဲ့အစည်း၏ တည်ထောင်သူများမှ သင်္ဂဟဂျဲန်ဒါလုပ်ဆောင်ရေးအဖွဲ့ကိုအမည်ပြောင်းလဲရန်အစည်းအဝေးများအဆင့်ဆင့်ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည်။ (၁၃) ရက်၊ သြဂုတ်လ၂၀၁၁ တွင် သင်္ဂဟအလုပ်အမှုဆောင်ကော်မတီအဖွဲ့ မှ “သင်္ဂဟအဖွဲ့အစည်း” ဟု သင်္ဂဟရုံးခန်းတွင်ပြုလုပ်သော အစည်းအဝေးမှ ပြောင်းလဲခေါ်ဆိုရန် ဆုံးဖြတ်ခဲ့ပါသည်။ ထိုအပြင်(၂၆) ရက်၊ ဇန်န၀ါရီလ ၂၀၁၃ တွင်ပြုလုပ်သော တည်ထောင်သူများ အစည်းအဝေးမှ “သင်္ဂဟဂျဲန်ဒါအဖွဲ့အစည်း” ဟုပြောင်းလည်း ခေါ်ဆိုရန် ဆုံးဖြတ်ခဲ့ပါသည်။

ခေါင်းဆောင်စွမ်းရည်မြင့်တင်ရေး
သင်တန်း ၊ သင်တန်း အမှတ်စဉ် ၀၀၁
ဝန်ထမ်း ညစာစားပွဲနှင့် မိသားစုများ တွေ့စုံပွဲ ၂၀၁၆
လူငယ် နှီးနှော ဖလှယ်ပွဲ ၊ သီချင်းသင်ကြားခြင်း
ဆက်သွယ်ရန် လိပ်စာ
တိုက်အမှတ် - အေ (၉/၁)၊ အနော်ရထာအိမ်ရာ၊ လှည်းတန်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်။
ဖုန်း - (+၉၅) ၀၉ ၇၃၂ ၂၆၆ ၃၁၊ ၀၉ ၇၃၁ ၉၀၈ ၈၂
အီးမေးလ် - thingaha@thingaha.org , new.thingaha@gmail.com
ဖေ့ဘုတ်စာမျက်နှာ: www.facebook.com/thingaha.gender.org.myanmar